Prof. Yee Yee Tin
M.B.,B.S., M.Med.Sc., Ph.D. (Pharmacology), Dip.Med.Ed.
Rector
University of Pharmacy, Yangon
 
 
 
 
Welcome to  University of Pharmacy, Yangon (UOPY)

Welcome! You are welcome to see the rounded picture of the University of Pharmacy, Yangon and observe it in this website, and enjoy learning here. It is a great pleasure and an honor for me to present the concrete, concise, and update information about our University.

For 23 years, the University has been producing proficient graduates from her peaceful bosom while upgrading herself with the unanimous efforts of administrative and academic staff hand in hand under the leadership of successive devoted rectors. I take great pride in serving this University as the present rector.

 
About University of Pharmacy, Yangon (UOPY)

၁၉၆၄ ခုနှစ်တွင် ဆေးဘက်ပညာသည်ကျောင်းအဖြစ်  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်တွင် ဆေး၀ါးကျွမ်းကျင်မှု တက္ကသိုလ် စတင်ဖွဲ့စည်းခွင့် ပြုခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီ (၃၀) ရက်တွင်  ဆေး၀ါးကျွမ်းကျင်မှု တက္ကသိုလ်အဖြစ် ယခင် ဘီအိုစီကောလိပ် (သထုံလမ်း) တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သင်ကြားရေး ဘာသာရပ်များတွင် ဇီ၀ဓာတုဗေဒ ဘာသာရပ်ကို သီးသန့်ခွဲထုတ်ကာ စတင်သင်ကြားပေးခဲ့သည်။

၂၀၀၁ ခုနှစ်၊ မေလ (၇) ရက်တွင် ဆေး၀ါးကျွမ်းကျင်မှုတက္ကသိုလ် (ရန်ကုန်) ဟု မြောက်ဥက္ကလာ၊ ​​ဝေဘာဂီမြို့သစ်တွင် ပြောင်းရေွှ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် ဆေး၀ါတက္ကသိုလ် (ရန်ကုန်) ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

 
Vision and Mission of UOPY
မျှော်မှန်းချက် (Vision)
  • လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေး ဟူသော ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှလုံးရည်ပြည့်၀ပြီး ဆေးဝါးသိပ္ပံပညာ ကျွမ်းကျင်တတ်မြောက်သော ဆေးဝါးသိပ္ပံပညာရှင် များကို သင်ကြားလေ့ကျင့်မွေးထုတ်ရန်။

 
လုပ်ငန်းတာဝန် (Mission)
ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်သည်
  • နိုင်ငံတကာစံချိန်မီ ဆေးဝါးသိပ္ပံပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်သည့် အရည်အသွေးပြည့်၀သော
  • ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော
  • နိုင်ငံသားများအပေါ် လူသားချင်း စာနာညှာတာ ထောက်ထားသော
  • နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓါတ်ရှိသော
  • မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လိုက်နာထိန်းသိမ်းသော
  • စဉ်ဆက်မပြတ် ပညာရေးနှင့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်စွမ်းရှိသော
  • အများပြည်သူတို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သော
ဆေးဝါးသိပ္ပံပညာရှင်များကို သင်ကြားရေး၊ ဆေးဝါးစက်ရုံ၊ ဆေးရုံများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သုတေသနနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများတွင် တိုင်းပြည်၏ လိုအပ်ချက်နှင့်အညီ သင်ကြားလေ့ကျင့် မွေးထုတ် ပေးပါမည်။
 
543
40
9
103