"ကြေညာချက်"
ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ ဖွင့်လှစ်လျက်ရှိသော ပထမနှစ်ဆေးဝါးသိပ္ပံ (၁၂/၂၀၁၉) သင်တန်းကို (၁၈-၄-၂၀၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံနောက်ဆုံးရက်အား (၆-၅-၂၀၂၂) ရက်နေ့အထိ သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလာရောက်အပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသား/သူများအား ညှာတာထောက်ထားသောအားဖြင့် ကျောင်းအပ်လက်ခံနောက်ဆုံးရက်အား (၁၃-၅-၂၀၂၂) ရက်နေ့အထိ တိုးမြှင့်လက်ခံမည်ဖြစ်ကြောင်းနှင့် အဆိုပါတိုးမြှင့်လက်ခံပေးသည့် နေ့ရက်အထိ ကျောင်းလာရောက်အပ်နှံခြင်း မရှိသူများအား ဘွဲ့ကြိုသင်တန်း စည်းမျဉ်းစည်းကမ်းများအရ ကျတစ်ကျ (One-F) သတ်မှတ်၍ ပထမနှစ်ဆေးဝါးသိပ္ပံ (၅/၂၀၂၂) သင်တန်းသို့ ပြန်လည်တက်ရောက်ရမည် ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။