ကြေညာချက်
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းများ၏ လစ်လပ်နေရာများသို့
ပြောင်းရွှေ့တက်ရောက်နိုင်ရန် လျှောက်လွှာခေါ်ယူခြင်း
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားသူများအနက် ပထမနှစ် (၅/၂၀၂၂) သင်တန်း၏ ကျောင်းအပ်လက်ခံ နောက်ဆုံးရက် (၂၇-၅-၂၀၂၂) ရက်နေ့ထိ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလာရောက်အပ်နှံခြင်း မရှိသူများသည် မူလဝင်ခွင့်ရတက္ကသိုလ်တွင် ပြန်လည်တက်ရောက်လိုလျှင်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တစ်ခုခုသို့ ပြောင်းရွှေ့တက်ရောက်လိုလျှင်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၏ ပထမနှစ် (၅/၂၀၂၂) သင်တန်းတွင် လက်ရှိတက်ရောက်နေသော ကျောင်းသား/သူများအနက် တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားလိုသူများသည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုလျှင်လည်းကောင်း ပူးတွဲဖော်ပြပါ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ လိုအပ်သော အထောက်အထားများနှင့်တကွ မိမိအစီအစဉ်ဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်သို့ (၂၂-၆-၂၀၂၂) ရက်နေ့၊ ညနေ (၄:၃၀) နာရီ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများမှ ကျောင်းပြောင်းရွှေ့တက်ရောက်လိုပါက ပူးတွဲဖော်ပြပါသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ လိုအပ်သော အထောက်အထားများနှင့်တကွ မိမိတို့အစီအစဉ်ဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်သို့ (၂၂-၆-၂၀၂၂) ရက်နေ့၊ ညနေ (၄:၃၀) နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။


