ဆေးဝါးတက္ကသိုလ်၊ ရန်ကုန် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရသူများစာရင်း
ဆေးဝါးတက္ကသိုလ် ပထမနှစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် (တနင်္လာနေ့)တွင် ဖွင့်လှစ်မည်။
ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများသည် ဆေးဝါးတက္ကသိုလ်၏ မော်ကွန်းထိန်းထံသို့ (၁-၁၁-၂၀၁၉)ရက် (သောကြာနေ့) မှစတင်၍ သတင်းပို့ရမည်။
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်၊ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသည့် အမှတ်စာရင်းမူရင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)တို့ကို ဆေးဝါးတက္ကသိုလ်သို့ တင်ပြရမည်။
(၂၉-၁၁-၂၀၁၉)ရက် (သောကြာနေ့)အထိ သတင်းပေးပို့ ကျောင်းအပ်ခြင်းမရှိသူများအား ဝင်ခွင့်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။