M.Pharm., PhD entrance (2020).pdf
"၂၀၂၀ခုနှစ်ပညာသင်နှစ်၊ ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm.) သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"
M.Pharm. (Clinical Pharmacy)
၆။ ကြိုတင်မိတ္တူတစ်စောင်ကို ငွေသွင်းချလံမူရင်းနှင့် တကွ ပါမောက္ခချုပ်၊ ဆေးဝါးတက္ကသိုလ်၊ရန်ကုန် သို့ မပျက်မကွက်ပေးပို့လျှောက်ထားရမည်။
"၂၀၂၀ခုနှစ် ပညာသင်နှစ် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D.) သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"
၁။
|
၂၀၂၀ခုနှစ် ပညာသင်နှစ်အတွက် ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၌ ဖွင့်လှစ်ပို့ချမည့် အောက်ဖော်ပြပါ ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D.)သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူနိုင်ငံ့ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D.) သင်တန်းများ
စဉ် သင်တန်းအမည် သင်တန်းကာလ
က။ ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ပရဆေးဗေဒ) (၃) နှစ်
Ph.D. (Pharmacognosy)
ခ။ ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ) (၃) နှစ်
Ph.D. (Pharmaceutical Chemistry)
ဂ။ ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ) (၃) နှစ်
Ph.D. (Pharmaceutics)
ဃ။ ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ) (၃) နှစ်
Ph.D. (Clinical Pharmacy)
|
၂။
|
လိုအပ်သောအရည်အချင်းများ
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm.) ရရှိထားသူဖြစ်ရမည်။
(ဂ) လျှောက်လွှာပိတ်သည့်ရက်တွင် ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် ခွင့်ရက်မပါ လုပ်သက် (၂)နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။
(ဃ) ပြည်ပ၌ မိမိအစီအစဉ်ဖြင့် ဘွဲ့လွန်ရရှိပြီးမှ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ဆေးဝါးသိပ္ပံပါရဂူသင်တန်းသို့ လျှောက်ထားလိုပါက လျှောက်လွှာ ပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ စုစုပေါင်းလုပ်သက်(၄)နှစ်ရှိသူ ဖြစ်ရမည်။
(င) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၅၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(စ) ပါရဂူဘွဲ့ရရှိပြီးပါက အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။
|
၃။
|
လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရမည်-
(က) အမည်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊လက်ရှိရာထူး/ဌာန၊အမြဲတမ်းလိပ်စာနှင့်ဖုန်းနံပါတ်၊ ဆက်သွယ်ရန်လိပ်စာနှင့်ဖုန်းနံပါတ်၊
(ခ) အဘအမည်၊
(ဂ) အစိုးရဝန်ထမ်းအဖြစ်စတင်ထမ်းဆောင်သည့် နေ့ရက်/လ/ခုနှစ်နှင့် အမှုထမ်းသက်၊
(ဃ) အသက်နှင့် မွေးသက္ကရာဇ် (အသက်ထောက်ခံစာတင်ပြရမည်)၊
(င) ပညာအရည်အချင်း၊
(စ) တက်ရောက်လိုသည့်သင်တန်း (အတိအကျဖော်ပြရန်)၊
(ဆ) အမှုထမ်းသက်မှတ်တမ်းအပြည့်အစုံ၊
(ဇ) ပြည်တွင်း/ပြည်ပသင်တန်းတစ်ခုခုသို့ တက်ရောက်ခွင့်လျှောက်ထားခြင်း (သို့မဟုတ်) ဝင်ခွင့်စာမေးပွဲဖြေဆိုထားခြင်း ရှိ/မရှိ၊
|
၄။
|
လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-
(က) လျှောက်လွှာတွင်ဖော်ပြထားရှိသည့် အချက်အလက်များသည် မှန်ကန်မှုရှိပါကြောင်း ကိုယ်တိုင် လက်မှတ်ရေးထိုးထားသောခံဝန်ချက်၊
(ခ) ဘွဲ့လက်မှတ်မိတ္တူများ၊
(ဂ) ဆေးဝါးသိပ္ပံသင်တန်းနှင့်ဆေးဝါးမဟာသိပ္ပံသင်တန်းအမှတ်စာရင်း (Grading Certificate) မိတ္တူများ
(ဃ) ဓါတ်ပုံ(၃)ပုံ(လိုင်စင်ဓါတ်ပုံ) (လွန်ခဲ့သော ၆လအတွင်း ရိုက်ကူးသည့်ပုံ ဖြစ်ရမည်။)
(င) အသက်ထောက်ခံစာ(သို့မဟုတ်)တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊
(စ) ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ် (MD-010318) သို့ ဆေးဝါးသိပ္ပံပါရဂူ ဘွဲ့သင်တန်းဝင်ခွင့်စာမေးပွဲ ၁၀၀ဝိ/-(ကျပ်တစ်ထောင်တိတိ)ကို ပေးသွင်းထားသည့် ချလံမူရင်း (၁)စောင်။
(မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ဘဏ်ခွဲများမှတစ်ဆင့်မြောက်ဥက္ကလာပမြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်ရှိ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ ငွေစာရင်းအမှတ် (MD-010318) သို့ လိပ်မူ၍ ငွေလွှဲစနစ် ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။)
|
၅။
|
လျှောက်လွှာကို သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ထောက်ခံချက် ပါရှိရမည်။ သတ်မှတ်ချက်အတိုင်း လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝထည့်သွင်းစဉ်းစားခြင်း မပြုပါ။
|
၆။
|
ကြိုတင်မိတ္တူတစ်စောင်ကို ငွေသွင်းချလံမူရင်းနှင့်တကွ ပါမောက္ခချုပ်၊ ဆေးဝါးတက္ကသိုလ်၊ရန်ကုန်ထံ လိပ်မူ၍ မပျက်မကွက် ပေးပို့ရမည်။
|
၇။
|
လျှောက်လွှာများကို ဆေးဝါးတက္ကသိုလ်၊ရန်ကုန်သို့ (၂၃.၈.၂၀၁၉) ရက် (သောကြာနေ့) နောက်ဆုံး ထား၍ ပေးပို့ရမည်။ မပြည့်စုံသည့်လျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျ ရောက်ရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
|
၈။
|
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို (၁၆.၉.၂၀၁၉) ရက် (တနင်္လာနေ့) မှစ၍ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန် ကျောင်းသားရေးရာဌာန၌ ထုတ်ပေးမည်။
|
၉။
|
သင်တန်းဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို (၂၆.၉.၂၀၁၉)ရက်(ကြာသပတေးနေ့)တွင် ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၌ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်။
စဉ် ဘာသာရပ် စစ်ဆေးမည့်အချိန် မေးခွန်းပုံစံ
(က) အင်္ဂလိပ်စာ (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီထိ
(ခ) ကျွမ်းကျင်ဘာသာရပ် (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီထိ Essay Type
|
၁၀။
|
လူတွေ့နှုတ်ဖြေ စစ်ဆေးမည့်ရက်ကို လူတွေ့နှုတ်ဖြေ၊ ဖြေဆိုခွင့်ရရှိသူစာရင်း ထုတ်ပြန်ကြေညာသည့် အခါတွင် ဖော်ပြပါမည်။
|
၁၁။
|
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် ဘွဲ့လွန်သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာမည် ဖြစ်ကြောင်းနှင့် ဘွဲ့လွန်သင်တန်းအောင်မြင်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် မိမိတာဝန်ကျရာ မည်သည့်ဒေသတွင်မဆို ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ကတိခံဝန်ချုပ်ချုပ်ဆို ရမည်ဖြစ်သည်။
|
၁၂။
|
သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီးမှသင်တန်းတက်ရောက်ရန်ပျက်ကွက်လျှင် နောင်ပညာသင်နှစ် (၂)နှစ် ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့်မရှိပါ။
|
၁၃။
|
သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီး၊ တက်ခွင့်ရစာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက် ရောက်လျှင်ဖြစ်စေ၊ (မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ)၊ သင်တန်းကိုပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်း နိုင်ငံ့ တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသောလျော်ကြေးငွေကို ပေးလျော်ရမည်။
|
၁၄။
|
သင်တန်းအလိုက် တက်ရောက်ခွင့်ပြုမည့် လျာထားဦးရေသတ်မှတ်ချက်ကို ဤတက္ကသိုလ်၏ Website မှ တစ်ဆင့်ကြေညာပါမည်။ လျာထားဦးရေ မည်မျှရှိစေကာမူ သတ်မှတ်အရည်အချင်း ရမှတ်မပြည့်မီပါက ရွေးချယ်ခြင်းမပြုပါ။
|
၁၅။
|
အသေးစိတ်အချက်အလက်များကို ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၏ Website: www.uopygn.gov.mm နှင့် www.uopygn.edu.mm တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။ (သို့မဟုတ်) ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ ဖုန်းနံပါတ် (၀၁-၉၆၉၉၈၇၇၊ ၀၁-၉၆၉၀၄၈၅)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
|
|
(ပါမောက္ခဒေါက်တာရီရီတင်)
ပါမောက္ခချုပ်
ဆေးဝါးတက္ကသိုလ်၊ရန်ကုန်
|