"ကြေညာချက်"
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်
၂၀၂၀ ပညာသင်နှစ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် ဖွင့်လှစ်မည့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၏ ဝင်ခွင့် အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းကို ပူးတွဲပါအတိုင်းထုတ်ပြန်ကြေညာလိုက်သည်။
၁။ လူတွေ့နှုတ်ဖြေစစ်ဆေးရန်အတွက် သီးခြားခေါ်စာပေးပို့မည်မဟုတ်ပါ။
၂။ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကို ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ သတ်မှတ်ကြေညာထားသည့် နေ့ရက်နှင့်အချိန်အတိုင်း မပျက်မကွက် ရောက်ရှိသတင်းပေးပို့ကြရမည်။
(သတ်မှတ်ထားသောနေ့ရက်နှင့် အချိန်အတွင်းရောက်ရှိ သတင်းပို့ဖြေဆိုခြင်း မရှိသူတို့ကို လုံးဝစဉ်းစားမည် မဟုတ်ပါ။)
သင်တန်းအမည် ဖြေဆိုရမည့်နေ့ရက်/အချိန် သတင်းပို့ရောက်ရှိရမည့်အချိန်
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (၂၄.၁၀.၂၀၁၉)နံနက်(၁၀:၀၀)နာရီ ၉:၀၀နာရီ
ဆေးဝါးမဟာသိပ္ပံဘွဲ့ (၂၄.၁၀.၂၀၁၉)နံနက်(၁၀:၃၀)နာရီ ၉:၀၀နာရီ
၃။ လူတွေ့နှုတ်ဖြေစစ်ဆေးမည့်နေ့တွင် ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်(မူရင်း)၊ အောင်မြင် ခဲ့သောသင်တန်းများအတွက် သင်တန်းဆင်းလက်မှတ်(မူရင်း)များ၊ လိုအပ်သောအထောက်အထား (မူရင်း)နှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိနှင့်အတူ တပါတည်း မပျက်မကွက် ယူဆောင်လာကြရမည်။