“Covid-19 အတွက် ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ ကာလဒါနအလှူ”
ဧပြီလ (၂) ရက်နေ့တွင် ဆေးဝါးတက္ကသိုလ်၊ရန်ကုန်မှ ပါမောက္ခချုပ်၊ ဆေးဝါးဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဘွဲ့လွန်ကျောင်းသူများ၊ ဆေးဝါးတက္ကသိုလ်ကျောင်းသူဟောင်းများ စုပေါင်း၍ ဝေဘာဂီအထူးကုဆေးရုံမှ COVID-19 လူနာများအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအား နေ့လည်စာနှင့် အစားအစာ၊ အသုံးအဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်ပေးအပ်ခဲ့ပါသည်။
ကောက်ခံရရှိသော အလှူငွေများထဲမှ ငွေကျပ် ၁၀၀,၀၀၀/- ကို မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဌာနသို့လည်း ဒေါက်တာထက်ဖြိုးအောင်မှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။